အမျိုးသမီးတွေ မကြာခဏကြုံတွေ့ရတတ်တဲ့ အလှအပပြဿနာတွေကို ဖြေရှင်းနိုင်မယ့်နည်းလမ်း(၆) ခု
အမျိုးသမီးတွေအတွက် အလှအပနဲ့ပတ်သက်ပြီး အဆင်မပြေတဲ့အရာတွေကို ခဏခဏ ကြုံတွေ့ရတတ်ပါတယ်။ ဒါပေမယ်ံ ဒီလိုပြဿနာတွေကို အလွယ်တကူဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ ရှိပါတယ်။
၁။ နှုတ်ခမ်းမွေး
အမျိုးသမီးတွေမှာ နှုတ်ခမ်းမွေးတွေ ပေါက်လာရင် အရမ်းကို စိတ်အနှောင့်အယှက်ဖြစ်ရမှာပါ။ အဲဒီအခါ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်နဲ့ အရောင်ချွတ်လိုက်ပါ။
အရောင်ဖျော့သွားရင် နှုတ်ခမ်းမွေးရှိတာ မသိသာတော့ပါဘူး။ နှုတ်ခမ်းမွေးတွေကို နှုတ်တဲ့အခါ ပိုများလာတတ်တဲ့အတွက်ကြောင့်ပါ။
၂။ မည်းနေတဲ့ ချိုင်း
မည်းနေတဲ့ချိုင်းကို ပြန်လည်ဖြူလာအောင် ပြုလုပ်နိုင်မယ့်နည်းလမ်းတွေ များစွာရှိပါတယ်။ အာလူးလေးတွေကို ခပ်ပါးပါးလေးလှီးပြီး ချိုင်းမှာ ပွတ်ပေးပါ။ ဒါမှမဟုတ် ခပ်ပါးပါးလှီးထားတဲ့ သခွားသီးနဲ့ပွတ်ပေးလို့လည်း ရပါတယ်။
သံပုရာစိပ်လေးနဲ့ ချိုင်းကို ပွတ်ပေးပြီး ၁၀ မိနစ်ခန့် ထားပါ။ ပြီးမှ ရေဆေးချလိုက်ပါ။ မုန့်ဖုတ်ဆော်ဒါလက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ ရေ လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကို ရောမွှေပြိး ချိုင်းမှာ လိမ်းပေးပါ။ မိနစ် ၃၀ကြာတဲ့အခါမှာတော့ ဆေးကြောလိုက်လို့ရပါပြီ
၃။ ချွေးပေါက်ကျယ်
ချွေးပေါက်ကျယ်တဲ့အခါ ကျဉ်းသွားအောင်လို့ ရွှံ့maskက အထိရောက်ဆုံးပါပဲ။ ရွှံ့ mask ထဲကို နှင်းဆီရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်ပြီး ကပ်ထားတဲ့အခါ ရလဒ်က ပိုပြီးကောင်းပါတယ်။
၄။ သင်တုန်းရိတ်ပြီးဖြစ်ပေါ်လာတဲ့အနာ
သင်တုန်းရိတ်ပြီးနောက် အနာကို တွေ့တွေ့ချင်းမှာ ရေအေးနဲ့ဆေးချလိုက်ပါ။ အဲဒီအခါ ချွေးပေါက်တွေက ကျဉ်းသွားပါတယ်။ ရှားစောင်းလက်ပတ်ဂျယ်လ်ကို လိမ်းပေးတဲ့နည်းကလည်း ထိရောက်ပါတယ်။
၅။ ပွနေတဲ့ဆံပင်
ဆံပင်တွေ အရမ်းခြောက်သွေ့တဲ့အခါမှာ ဖွာပြီး ပွနေတတ်ပါတယ်။ ဆံပင်မှာ အဖျားနှစ်ခွဖြစ်နေတာတွေကို ညှပ်ထုတ်ပြီး ဆံပင်ကို conditioner နဲ့ ရေဓာတ်ဖြည့်ပါ။ ဖွာနေတဲ့ဆံပင်ကို ဖြည်းဖြည်းလေးသာ ဖြီးပေးပါ။
၆။ စတော်ဘယ်ရီခြေထောက်
ခြေထောက်ကို ပုံမှန်ကြေးချွတ်ပေးပြီး လားရာတစ်ဖက်တည်းကိုသာ ရိတ်ပေးမယ်ဆိုရင် စတော်ဘယ်ရီခြေထောက်ဖြစ်တာ သက်သာသွားပါတယ်။
သင်တုန်းဓားကိုလည်း မကြာခဏလဲပေးဖို့ မမေ့ပါနဲ့နော်။ သင်တုန်းရိတ်ပြီးတဲ့အခါမှာလည်း အစိုဓာတ်ဖြည့်ခရင်မ်တစ်ခုခု လိမ်းပေးသင့်ပါတယ်။
Zombie (lovemedia)
Unicode
Zombie (lovemedia)