အရမ်းကို ဆုတောင်းပြည့်လွန်းလို့ မင်းညီ မင်းသားတွေ မဖူးရဟု အမိန့်ထုတ်ထားရတဲ့ရုပ်ပွားတော်မြတ် အကြောင်း
အရမ်းကို ဆုတောင်းပြည့်လွန်းလို့ မင်းညီ မင်းသားတွေ မဖူးရဟု အမိန့်ထုတ်ထားရတဲ့ရုပ်ပွားတော်မြတ် အကြောင်း စစ်ကိုင်းတောင် တစ်ဖက်ကမ်းကရွှေကြက်ယက် ရွှေကြက်ကျဘုရားတွေဖြစ်ပြီး ဒီဆုတောင်းပြည့်ကိုယ်တော်မြတ်ကြီးကတော့ ရွှေကြက်ယက်စေတီအတွင်းမှာ ရှိပါတယ် အနော်ရထာမင်းကြီးလက်ထက်မှာ တစ်ကြိမ်…၊ နရပတိစည်သူမင်းကြီးလက်ထက်မှာ တစ်ကြိမ်… မည်သည့်မင်းညီမင်းသားမှ မဖူးရလို့အမိန့်တော်ထုတ်ပြန်ပြီး အစာင့်တွေချထားကာ သော့ခတ်ထားခဲ့ရတယ် ဆိုတဲ့ ရုပ်ပွားတော်မြတ်ရှေ့ကို တနေ့ကရောက်ခဲ့တယ်။ ဘုရားကိုဖူးတွေ့လိုက်တာနဲ့ .. အို … သပ္ပါယ်လိုက်တာ လို့ ပါးစပ်က ရောင်ရမ်းပီး ထွက်သွားမိတဲ့ အထိပါပဲ တကယ့်ကို ရင်ထဲမှာ အေးချမ်းသွားအောင် သပ္ပါယ်လိုက်တာ..စပါယ်နဲ့ ဇွန်းပန်းတွေကို ရင်ဘတ်တော်မှာ ပူဇော်ထားတာကလည်းမွေးကြိုင်နေတာပါပဲ ။ ရွှေသင်္ကန်းကပ်ပြီး ဆုတောင်းခဲ့မိတာလေးဟာတစ်ကယ်ပြည့်ဝခဲ့တာမို့ သူငယ်ချင်းတွေကို မျှဝေပေးချင်မိခဲ့ပါတယ် ဆုတောင်း ပြည့်ဝလွန်းတယ်ဆိုတဲ့ဇတ်ကြောင်းလေးကိုဖတ်မိရင် ပိုပြီးလေးနက်စေမှာမို့ ဇတ်လမ်းလေးကိုအတိုချုပ်လို့ ရေးပါရစေ … ပုဂံနေပြည်တော်မှာ မင်းယဉ်နရသိင်္ခ ဘုရင် … Read more